ပံ့ပိုးမှုရှိသော သင်ယူမှု
သင်ယူသူတစ်ဦးချင်းစီ မိမိအဆင့်အလိုက် ယုံကြည်မှုရှိရှိ တိုးတက်နိုင်စေရန် စိတ်ရှည်မှု၊ စနစ်တကျ နှင့် ဂရုစိုက်မှုအပြည့် သင်ကြားပေးပါသည်။
Nura Dev ကို စတင်တည်ထောင်ဖြစ်ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ ရိုးရှင်းတဲ့ လေ့လာတွေ့ရှိချက်တစ်ခုပေါ်မှာ အခြေခံထားတာပါ - "လူတွေက နည်းပညာကို သင်ယူချင်ကြပေမဲ့ ဘယ်အရာက တကယ်တမ်း အရေးကြီးတယ်ဆိုတာကိုတော့ မသိကြဘူး" ဆိုတဲ့အချက်ပဲကြောင့်ပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့သည် ကလေးများအတွက် အသုံးဝင်သော skill များ ပေးချင်သော်လည်း ဘယ်ကနေ စရမည်ကို မသိသော မိဘများနှင့် တွေ့ခဲ့ရပါသည်။ Computer ကို စိတ်ဝင်စားသော်လည်း ကစားခြင်းမှ ရည်ရွယ်ချက်ရှိသော လေ့လာမှုအဖြစ် ပြောင်းလဲရန် လမ်းညွှန်မှုလိုအပ်သော ကလေးများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ဆယ်ကျော်သက်များနှင့် လူကြီးများအတွက်လည်း tech career သို့ သွားမည့်လမ်းသည် ရှုပ်ထွေးပြီး ဖိအားများသလို ခံစားရစေခဲ့ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ထူးခြားကွဲပြားသော သင်တန်းကျောင်း တစ်ခုကို တည်ဆောက်ခဲ့ပါသည်။
Nura Dev တွင် သင်ယူမှုသည် လက်တွေ့ကျ၊ ရှင်းလင်းပြီး အဆင့်လိုက် ပို့ချပေးပါသည်။ ကျွန်ုပ်တို့သည် theory ထက် လက်တွေ့ကို အဓိကထားသည်။ ကျောင်းသားတစ်ဦးသည် computer ကို ပထမဆုံးအကြိမ် ထိတွေ့နေသူဖြစ်စေ၊ အနာဂတ် career အတွက် complex code ကို တည်ဆောက်နေသူဖြစ်စေ၊ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ၎င်းတို့ကို ယုံကြည်မှုဖြင့် တိုးတက်လာစေရန် ကူညီပေးခြင်း ဖြစ်ပါသည်။




ကလေးများ၊ ဆယ်ကျော်သက်များ၊ စတင်လေ့လာသူများနှင့် အနာဂတ် developer များသည် ရှင်းလင်းစွာ နားလည်မှု၊ ယုံကြည်မှုနှင့် အသုံးချနိုင်သော skill များဖြင့် တိုးတက်နိုင်စေရန် လက်တွေ့ကျပြီး လွယ်ကူစွာ ရရှိနိုင်သော technology education ကို ပံ့ပိုးပေးရန်။
အဆင့်တိုင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း ဒီဂျစ်တယ်နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ဖို့၊ ဖန်တီးမှုပိုင်းဆိုင်ရာ ယုံကြည်မှုရှိလာစေဖို့နဲ့ ရေရှည်နည်းပညာအခွင့်အလမ်းကောင်းတွေကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် ယုံကြည်စိတ်ချရသော သင်ယူမှုနယ်မြေ (Learning Campus) တစ်ခု ဖြစ်လာစေရန်။















အခြေခံကွန်ပျူတာကျွမ်းကျင်မှုမှသည် ပိုမိုအားကောင်းသော Coding လက်တွေ့လေ့ကျင့်မှုများအထိ၊Nura Dev သည် စူးစမ်းလိုစိတ်ရှိသော ကလေးငယ်များ၊ အခြေခံမှစတင်လေ့လာသူများနှင့်အနာဂတ် Developer လောင်းလျာများအားလုံးကို လက်တွေ့ကျသော သင်ယူမှုဝန်းကျင်တစ်ခုအတွင်းသို့ စုစည်းပေးထားပါသည်။













ကျွန်ုပ်တို့၏ တန်ဖိုးများ
သင်ယူသူတစ်ဦးချင်းစီ မိမိအဆင့်အလိုက် ယုံကြည်မှုရှိရှိ တိုးတက်နိုင်စေရန် စိတ်ရှည်မှု၊ စနစ်တကျ နှင့် ဂရုစိုက်မှုအပြည့် သင်ကြားပေးပါသည်။
သင်ခန်းစာများကို theory မှတ်သားခြင်းတစ်ခုတည်းမဟုတ်ဘဲ လက်တွေ့လုပ်ခြင်း၊ တည်ဆောက်ခြင်းနှင့် skill များကို အသုံးချခြင်းအပေါ် အခြေခံတည်ဆောက်ထားပါသည်။
သင်ယူသူများကို စူစမ်းလေ့လာမှုအဆင့်မှ ပိုမိုအားကောင်းသော skill များ၊ project များနှင့် အားကောင်းသော ရေရှည်လမ်းညွှန်မှုသို့ လမ်းကြောင်းပြောင်းနိုင်အောင် ကူညီပေးပါသည်။
ကျွန်ုပ်တို့၀န်ဆောင်မှုကို ရရှိနိုင်သူများ
ကျွန်ုပ်တို့ campus သည် ကွန်ပျူတာကို စတင်လေ့လာသူတွေကနေ ဆော့ဖ်ဝဲလ်နယ်ပယ်ထဲမှာလက်တွေ့အသက်မွေးဝမ်းကျောင်းပြုချင်သူတွေအထိ ရည်မှန်းချက်အမျိုးမျိုးအတွက် စနစ်တကျ ကွန်ပျူတာသင်တန်းများ၊Coding အတန်းများနှင့် ဆော့ဖ်ဝဲလ်လေ့လာရေး သင်ခန်းစာများကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ငယ်ရွယ်သောလေ့လာသူများ
ကလေးငယ်များကို computer confidence၊ creativity၊ logic နှင့် simple project-making တို့တွင် ယုံကြည်မှု တည်ဆောက်ပေးသော interactive class များ။

လူငယ်နှင့် စတင်လေ့လာသူများအတွက်
Typing၊ office tools၊ internet understanding နှင့် early coding foundation များကို တိုးတက်စေသော လက်တွေ့ သင်ယူမှုလမ်းကြောင်းများ။

အနာဂတ် Developer များ
Programming skill၊ project portfolio နှင့် structured career preparation ကို ပိုမိုအားကောင်းလိုသော သင်ယူသူများအတွက် focused technical program များ။